Windows အတွက်
၁။ Tor ဘရောက်ဇာ ဒေါင်းလုဒ် စာမျက်နှာ သို့ သွားပါ။
၂။ Windows .exe
ဖိုင်ကို ဒေါင်းလုဒ်လုပ်ပါ။
၃။ (အကြံပြုချက်) ဖိုင်၏ လက်မှတ် ကို မှန်ကန်ကြောင်း စစ်ဆေးပါ။
၄။ ဒေါင်းလုဒ် လုပ်ပြီးချိန်တွင် .exe
ဖိုင်ကို ကလစ်နှစ်ချက် နှိပ်ပါ။ တပ်ဆင်ခြင်း ဝိဇ္ဇာ လုပ်ငန်းစဉ်ကို ပြီးစီးအောင် လုပ်ပါ။
macOS အတွက်
၁။ Tor ဘရောက်ဇာ ဒေါင်းလုဒ် စာမျက်နှာ သို့ သွားပါ။
၂။ macOS .dmg
ဖိုင်ကို ဒေါင်းလုဒ် လုပ်ပါ။
၃။ (အကြံပြုချက်) ဖိုင်၏ လက်မှတ် ကို မှန်ကန်ကြောင်း စစ်ဆေးပါ။
၄။ ဒေါင်းလုဒ် လုပ်ပြီးချိန်တွင် .dmg
ဖိုင်ကို ကလစ်နှစ်ချက် နှိပ်ပါ။ တပ်ဆင်ခြင်း ဝိဇ္ဇာ လုပ်ငန်းစဉ်ကို ပြီးစီးအောင် လုပ်ပါ။
GNU/Linux အတွက်
၁။ Tor ဘရောက်ဇာ ဒေါင်းလုဒ် စာမျက်နှာ သို့ သွားပါ။
၂။ GNU/Linux .tar.xz
ဖိုင်ကို ဒေါင်းလုဒ် လုပ်ပါ။
၃။ (အကြံပြုချက်) ဖိုင်၏ လက်မှတ် ကို မှန်ကန်ကြောင်း စစ်ဆေးပါ။
- ရုပ်ပြပုံ သို့မဟုတ် ညွှန်ကြားချက် နည်းလမ်း အတိုင်း ယခုလိုက်ပါဆောင်ရွက်ပါ။
ရုပ်ပြပုံ နည်းလမ်း
ဒေါင်းလုဒ်လုပ်ပြီးပါက မှတ်တမ်းကို မှတ်တမ်း မန်နေဂျာအသုံးပြုပြီး ဆွဲထုတ်ပါ။
ညွှန်ကြားချက်စာရင်းများကို လုပ်ဆောင် နိုင်ရန်အတွက် သင်ရဲ့ GNU/Linux ကိုအမိန့်ပေးရမည်။
လောလောလတ်လတ် ဆွဲထုတ်ထားသော Tor ဘရောက်ဇာ လမ်းညွှန်သို့ သွားပါ။
start-tor-browser.desktop
ပေါ်တွင် ညာဘက်ကလစ်နှိပ်ပါ၊ ထူးခြားလက္ခဏာများ သို့မဟုတ် အလေးပေး ရွေးချယ်မှုကို ဖွင့်ပြီး ဖိုင်ကို ပရိုဂရမ်အဖြစ် လုပ်ဆောင်နိုင်ရန် ခွင့်ပြုချက်ကို ပြောင်းလဲပါ။
Tor ဘရောက်ဇာကို ပထမဆုံးအကြိမ် စတင်ရန် အိုင်ကွန်ပေါ် ကလစ်နှစ်ချက်နှိပ်ပါ။

သတိပြုရန်- Ubuntu နှင့် အခြား Linux ဖြန့်ချိမှုအချို့ (distros) တွင် start-tor-browser.desktop
ကို စတင်ရန် ကြိုးစားပါက စာသားဖိုင်တစ်ခု ပွင့်လာနိုင်သည်။
လုပ်ဆောင်ချက်ကို ပြောင်းလဲရန်အတွက် Tor ဘရောက်ဇာ ကိုစတင်မယ့် အစား အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ပါ:
- "ဖိုင်များ" ကို စတင်ပါ (GNOME Files/Nautilus)
- အလေးပေး ရွေးချယ်မှု ကို နှိပ်ပါ။
- 'အပြုအမှု' Tab ကို လမ်းညွှန်ပါ။
- "ကွန်ပျူတာဖြင့် လည်ပတ်နိုင်သော စာသားဖိုင်များ" အောက်တွင် "လည်ပတ်ရန်" သို့မဟုတ် "ဘာလုပ်ရမလဲ မေးရန်" ကို ရွေးချယ်ပါ။
- ဒုတိယတစ်ခုကို ရွေးချယ်ပါက
start-tor-browser.desktop
ဖိုင်ကို စတင်ပြီးနောက် "လည်ပတ်ရန်" ကို နှိပ်ပါ။

Command-line နည်းလမ်း
ဒေါင်းလုဒ်လုပ်ပြီးပါက မှတ်တမ်း ကို ညွှန်ကြားချက် tar -xf [TB archive]
ဖြင့် ဆွဲထုတ်ပါ။
Tor ဘရောက်ဇာ လမ်းညွှန် မှတစ်ဆင့် Tor ဘရောက်ဇာ ကို လည်ပတ်ရန် သင်စတင်နိုင်ပါသည် :
./start-tor-browser.desktop
မှတ်ချက်.ညွှန်ကြားချက် ကလုပ်ဆောင်မရပါက ကွန်ပျူတာဖြင့် လည်ပတ်နိုင်သော ဖိုင်ကို ပြုလုပ်ရန်လိုအပ်တာ ဖြစ်နိုင်ပါတယ်။ ဤလမ်းညွှန်မှုအတွင်းမှာ လည်ပတ်ရန်အတွက်: chmod +x start-tor-browser.desktop
command-line ကနေတစ်ဆင့် start-tor-browser.desktop
ဖြင့် အချို့သောထပ်ဆောင်း flag များကို အသုံးပြုနိုင်ပါတယ်:
အချက်ပြခြင်း |
ဖော်ပြချက် |
--register-app |
Tor ဘရောက်ဇာ ကို desktop အပလီကေးရှင်း အဖြစ်စာရင်းသွင်းရန်အတွက် . |
--verbose |
To display Tor and Firefox output in the terminal. |
--log [file] |
To record Tor and Firefox output in file (default: tor-browser.log). |
--detach |
To detach from terminal and run Tor Browser in the background. |
--unregister-app |
To unregister Tor Browser as a desktop application. |
Tor ဘရောက်ဇာ အပ်ဒိတ်လုပ်ရန် တွင် ကြည့်ပါ။