Tor ဘရောက်ဇာကို သင့်စနစ်မှ လွယ်ကူစွာ ဖယ်ရှားနိုင်သည် -

Windows တွင် -

  • သင်၏ Tor ဘရောက်ဇာ ဖိုင်တွဲ သို့မဟုတ် အက်ပလီကေးရှင်း၏ တည်နေရာကို ရှာပါ။ ၎င်း၏ နဂိုမူလ တည်နေရာမှာ Desktop ဖြစ်သည်။
  • Tor ဘရောက်ဇာ ဖိုင်တွဲ သို့မဟုတ် အက်ပလီကေးရှင်းကို ဖျက်ပါ။
  • သင့် Trash ကို အလွတ်ဖြစ်အောင် ရှင်းလင်းပါ။

macOS တွင် -

  • သင်၏ Tor ဘရောက်ဇာ အက်ပလီကေးရှင်း၏ တည်နေရာကို ရှာပါ။ ၎င်း၏ နဂိုမူလ တည်နေရာမှာ Applications ဖိုင်တွဲ ဖြစ်သည်။
  • Tor ဘရောက်ဇာ အက်ပလီကေးရှင်းကို Trash သို့ ရွှေ့ပါ။
  • ~/Library/Application Support/ ဖိုင်တွဲသို့ သွားပါ။
  • macOS ၏ ပိုသစ်သော ဗားရှင်းများတွင် Library ဖိုင်တွဲကို ဝှက်ထားကြောင်း သတိပြုပါ။ ဤဖိုင်တွဲသို့ Finder မှတစ်ဆင့် သွားရန် "Go" မီနူးရှိ "Go to Folder..." ကို ရွေးချယ်ပါ။

Go to folder menu option

  • ထို့နောက် ဝင်းဒိုးတွင် ~/Library/Application Support/ ကို ရိုက်ထည့်ပြီး Go ကို နှိပ်ပါ။

Go to folder window

  • TorBrowser-Data ဖိုင်တွဲကို တည်နေရာ ရှာပြီးနောက် ၎င်းကို Trash သို့ ရွှေ့ပါ။
  • သင့် Trash ကို အလွတ်ဖြစ်အောင် ရှင်းလင်းပါ။

သင်သည် နဂိုမူလ တည်နေရာ (Applications ဖိုင်တွဲ) တွင် Tor ဘရောက်ဇာကို မတပ်ဆင်ခဲ့ပါက TorBrowser-Data ဖိုင်တွဲသည် ~/Library/Application Support/ ဖိုင်တွဲတွင် မရှိကြောင်း သတိပြုပါ။ ၎င်းသည် သင် Tor ဘရောက်ဇာ တပ်ဆင်ခဲ့သည့် ဖိုင်တွဲထဲတွင် ရှိပါသည်။

Linux တွင် -

  • သင်၏ Tor ဘရောက်ဇာ ဖိုင်တွဲ တည်နေရာရှာပါ။ Linux တွင် နဂိုမူလ တည်နေရာ မရှိပါ။ သို့သော် သင်သည် အင်္ဂလိပ်ဘာသာစကားသုံး Tor ဘရောက်ဇာကို လည်ပတ်နေလျှင် ထိုဖိုင်တွဲကို "tor-browser_en-US" ဟု အမည်ပေးထားပါမည်။
  • Tor ဘရောက်ဇာ ဖိုင်တွဲကို ဖျက်ပါ။
  • သင့် Trash ကို အလွတ်ဖြစ်အောင် ရှင်းလင်းပါ။

သင့်ကွန်ပျူတာလည်ပတ်မှု စနစ်၏ ပုံမှန် "ဖယ်ထုတ်ရန်" လုပ်ဆောင်ချက်ကို အသုံးမပြုကြောင်း သတိပြုပါ။