Tor ဘရောက်ဇာကို ရွှေ့လျားလိုပါက ၎င်းကို မှတ်တမ်းမှ ဆွဲထုတ်ပြီး USB ချောင်း သို့မဟုတ် SD ကတ်ကဲ့သို့ ဖယ်ရှားနိုင်သော ကြားခံမှတ်ဉာဏ်တစ်ခုထဲသို့ တိုက်ရိုက်ရွှေ့နိုင်သည်။ Tor ဘရောက်ဇာကို လိုအပ်သလို အပ်ဒိတ်လုပ်နိုင်ရန် အချက်အလက်အသစ် ထည့်နိုင်သော ကြားခံမှတ်ဉာဏ်တစ်ခုကို အသုံးပြုဖို့ အကြံပြုပါသည်။

Windows အတွက် -

၁။ သင်၏ ဖယ်ရှားနိုင်သော ကြားခံမှတ်ဉာဏ်တစ်ခုကို ထိုးသွင်းပြီး ဖောမက်ချပါ။ မည်သည့် filesystem အမျိုးအစားမဆို အဆင်ပြေပါသည်။

၂။ Tor ဘရောက်ဇာ ဒေါင်းလုဒ် စာမျက်နှာ သို့ သွားပါ။

၃။ Windows .exe ဖိုင်ကို ဒေါင်းလုဒ်လုပ်ပြီး သင့်မီဒီယာတွင် တိုက်ရိုက် သိမ်းဆည်းပါ။

၄။ (အကြံပြုချက်) ဖိုင်လက်မှတ် ကို မှန်ကန်ကြောင်း စစ်ဆေးပါ။

၅။ ဒေါင်းလုဒ်လုပ်ပြီးလျှင် .exe ဖိုင်ကို ကလစ်နှိပ်ပြီး တပ်ဆင်ခြင်း လုပ်ငန်းစဉ်ကို စတင်ပါ။

၆။ တပ်ဆင်ကိရိယာက Tor ဘရောက်ဇာ သိမ်းဆည်းမည့်နေရာကို မေးသောအခါ သင်၏ ဖယ်ရှားနိုင်သော ကြားခံမှတ်ဉာဏ်ကို ရွေးချယ်ပါ။

macOS အတွက် -

သင်၏ ဖြုတ်၊တပ်၍ရသော မှတ်သိမ်းပစ္စည်း အား တပ်ပြီး ဖောမတ်ချပါ။ Mac OS Extended (Journaled) ဖောမတ် သုံးကိုသုံးမှ ရမည်။

၂။ Tor ဘရောက်ဇာ ဒေါင်းလုဒ် စာမျက်နှာ သို့ သွားပါ။

၃။ macOS .dmg ဖိုင်ကို ဒေါင်းလုဒ်လုပ်ပြီး သင့်ကြားခံမှတ်ဉာဏ်တွင် တိုက်ရိုက် သိမ်းဆည်းပါ။

၄။ (အကြံပြုချက်) ဖိုင်လက်မှတ် ကို မှန်ကန်ကြောင်း စစ်ဆေးပါ။

၅။ ဒေါင်းလုဒ်လုပ်ပြီးလျှင် .dmg ဖိုင်ကို ကလစ်နှိပ်ပြီး တပ်ဆင်ခြင်း လုပ်ငန်းစဉ်ကို စတင်ပါ။

၆။ တပ်ဆင်ကိရိယာက Tor ဘရောက်ဇာ သိမ်းဆည်းမည့်နေရာကို မေးသောအခါ သင်၏ ဖယ်ရှားနိုင်သော ကြားခံမှတ်ဉာဏ်ကို ရွေးချယ်ပါ။

GNU/Linux အတွက် -

၁။ သင်၏ ဖယ်ရှားနိုင်သော ကြားခံမှတ်ဉာဏ်တစ်ခုကို ထိုးသွင်းပြီး ဖောမက်ချပါ။ မည်သည့် filesystem အမျိုးအစားမဆို အဆင်ပြေပါသည်။

၂။ Tor ဘရောက်ဇာ ဒေါင်းလုဒ် စာမျက်နှာ သို့ သွားပါ။

၃။ Linux .tar.xz ဖိုင်ကို ဒေါင်းလုဒ်လုပ်ပြီး သင့်ကြားခံမှတ်ဉာဏ်တွင် တိုက်ရိုက် သိမ်းဆည်းပါ။

၄။ (အကြံပြုချက်) ဖိုင်လက်မှတ် ကို မှန်ကန်ကြောင်း စစ်ဆေးပါ။

၅။ ဒေါင်းလုဒ်လုပ်ပြီးလျှင် မှတ်တမ်းကိုလည်း ဆွဲထုတ်၍ ကြားခံမှတ်ဉာဏ်ထဲသို့ ထည့်ပါ။