Tor ဘရောက်ဇာကို Tor Project ၏ တရားဝင် ဝက်ဘ်ဆိုက် https://www.torproject.org/download မှ ဒေါင်းလုဒ်လုပ်ခြင်းသည် အလွယ်ကူဆုံးနှင့် ဘေးအကင်းဆုံး နည်းလမ်း ဖြစ်သည်။
ထိုဝက်ဘ်ဆိုက်သို့ သင့်ချိတ်ဆက်မှုကို လုံခြုံစိတ်ချရအောင် HTTPS ကို အသုံးပြုပါမည်။ ထိုအခါ တစ်စုံတစ်ယောက်က ကြားဖြတ်ပြောင်းလဲရန် များစွာ ပိုခက်သွားပါမည်။
သို့သော် Tor Project ဝက်ဘ်ဆိုက်ကို သင် ဝင်ရောက်မသုံးစွဲနိုင်သည့် အချိန်လည်း ရှိနိုင်ပါသည်။ ဥပမာ - ၎င်းကို သင့်ကွန်ရက်တွင် ပိတ်ဆို့ထားနိုင်ပါသည်။
သို့ဖြစ်ပါက သင်သည် အောက်တွင် ဖော်ပြထားသည့် ဒေါင်းလုဒ်လုပ်ရန် နည်းလမ်းများမှ ရွေးချယ်စရာတစ်ခုကို အသုံးပြုနိုင်ပါသည်။
အသွင်တူ ဝက်ဘ်ဆိုက်များ
If you're unable to download Tor Browser from the official Tor Project website, you can instead try downloading it from one of our official mirrors, either through EFF or La Cebolla.
GetTor
GetTor ကို Dropbox၊ Google Drive နှင့် GitHub ကဲ့သို့ တည်နေရာအမျိုးမျိုးတွင် တည်ထားပြီး၊ Tor ဘရောက်ဇာ၏ နောက်ဆုံးဗားရှင်းပါသော လင့်များဖြင့် မက်ဆေ့ချ်များကို အလိုအလျောက်တုံ့ပြန်သည့် ဝန်ဆောင်မှုဖြစ်သည်။
အီးမေးလ်မှတစ်ဆင့် GetTor အသုံးပြုရန်
gettor@torproject.org သို့ အီးမေးလ်ပို့ပါ။ မက်ဆေ့ချ် စာကိုယ်တွင် သင့်ကွန်ပျူတာလည်ပတ်မှုစနစ်ပေါ် မူတည်၍ (မျက်တောင်အဖွင့်အပိတ်များ မပါဘဲ) “windows”၊ “osx” သို့မဟုတ် “linux” ဟုသာရေးပါ။
For example, to get links for downloading Tor Browser for Windows, send an email to gettor@torproject.org with the word "windows" in it.
GetTor က အီးမေးလ်တစ်စောင်ပို့ပြီး တုံ့ပြန်ပါမည်။ ထိုအီးမေးလ်တွင် Tor ဘရောက်ဇာ ပက်ကေ့ချ်၊ ကုဒ်ထည့်ထားသော လက်မှတ် (ဒေါင်းလုဒ် မှန်ကန်ကြောင်း စစ်ဆေးရန်အတွက် လိုအပ်)၊ လက်မှတ်ပြုလုပ်ရန် သုံးသော စကားဝှက်သော့၏ လက်ဗွေနှင့် ပက်ကေ့ချ်၏ ဟက်ရှ်တန်ဖိုးတို့ကို ဒေါင်းလုဒ်လုပ်ရန်လင့်များ ပါဝင်သည်။ သင်အသုံးပြုနေသော ကွန်ပျူတာမော်ဒယ်ပေါ် မူတည်၍ "“32-bit” သို့မဟုတ် “64-bit” ဆော့ဝဲကို ရွေးချယ်ရပါမည်။
TO USE GETTOR VIA TELEGRAM
Send a message to @GetTor_Bot on Telegram.
