• Tor အသုံးပြုပါက သင့်စနစ်နာရီ (နှင့် သင်၏ ဒေသစံတော်ချိန်) ကို မှန်ကန်သော အချိန် သတ်မှတ်ထားရန် လိုအပ်သည်။

  • ဗိုင်းရပ်စ်တန်ပြန်ခြင်း သို့မဟုတ် အန္တရာယ်ပြုဆော့ဝဲ ကာကွယ်ခြင်းက အသုံးပြုသူများအား Tor ဘရောက်ဇာကို အသုံးမပြုနိုင်အောင် ပိတ်ဆို့ထားသည်။ တစ်ခါတစ်ရံ အန္တရာယ်ပြုဆော့ဝဲ နှင့်/ သို့မဟုတ် အားနည်းချက်များရှိကြောင်း မှားယွင်းသော သတိပေးချက်များ ကိုလည်း ပို့တတ်သည်။ ဤအကြောင်းကို ကျွန်ုပ်တို့၏ အထောက်အကူပြု ပေါ်တယ် တွင် ပိုမိုဖတ်ရှုနိုင်ပါသည်။ အောက်ပါ ဗိုင်းရပ်စ်တန်ပြန်ခြင်းနှင့် ကာကွယ်ပေးသောစနစ် ဆော့ဝဲများသည် Tor ကို နှောင့်ယှက်တတ်ကြောင်း သိရသဖြင့် ၎င်းတို့ကို ယာယီ ပယ်ဖျက်ထားရန် လိုအပ်နိုင်ပါသည် -

    • Webroot SecureAnywhere
    • Kaspersky Internet Security 2012
    • Sophos Antivirus for Mac
    • Microsoft Security Essentials
    • Avast Antivirus
  • VPN များသည်လည်း Tor ကို နှောင့်ယှက်တတ်သောကြောင့် ပယ်ဖျက်ထားရန် လိုအပ်ပါသည်။ သင်သည် VPN နှင့် Tor နှစ်ခုလုံးကို သင့်ကိုယ်ရေးလုံခြုံမှု မထိခိုက်စေရန် ချိန်ညှိတတ်သော အဆင့်မြင့် အသုံးပြုသူ မဟုတ်ပါက ၎င်းတို့ကို တွဲမသုံးရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ သင်သည် Tor + VPN အကြောင်း နောက်ထပ် အသေးစိတ် အချက်အလက်ကို ကျွန်ုပ်တို့၏ ဝီကီ တွင် ဖတ်ရှုနိုင်ပါသည်။

  • Adobe Flash အသုံးပြုရန်လိုအပ်သော ဗီဒီယိုများကို မရရှိနိုင်ပါ။ လုံခြုံရေးအတွက် Flash ကို ပယ်ဖျက်ထားပါသည်။

  • ပရောက်စီ သတ်မှတ်ထားပါက Tor သည် တံတားကို အသုံးမပြုနိုင်ပါ။

  • Tor ဘရောက်ဇာ ပက်ကေ့ချ်၏ ရက်စွဲမှာ ၂၀၀၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် 00:00:00 UTC ဖြစ်သည်။ ၎င်းမှာ ဆော့ဝဲတည်ဆောက်မှုတစ်ခုစီကို တိတိကျကျ ပြန်လည်ထုတ်လုပ်နိုင်ကြောင်း သေချာစေရန် ဖြစ်သည်။

  • Tor ဘရောက်ဇာကို သင့် နဂိုမူလ ဘရောက်ဇာ အဖြစ် သုံးရာတွင် ကြုံတတ်သော ပြဿနာများ။

  • Tor ဘရောက်ဇာသည် အရင်က အလုပ်လုပ်ပြီး အခု အလုပ်မလုပ်ပါက (အထူးသဖြင့် ပြန်လည်တပ်ဆင်ပြီးနောက် သို့မဟုတ် အပ်ဒိတ်လုပ်ပြီးနောက်)၊ သင့်စနစ်က ဘက်ထရီချွေတာနေခြင်း ဖြစ်နိုင်သည်။ သို့ဖြစ်ပါက ပြဿနာကို ဖြေရှင်းရန် သင့်စနစ်ကို ပိတ်၍ ပြန်ဖွင့်ပါ။

  • ဖိုင်တွဲ လမ်းကြောင်းတွင် ASCII မဟုတ်သော စာလုံးများ ပါဝင်လျှင် Tor သည် Windows တွင် စတင်မည်မဟုတ်ပါ။

  • BitTorrent ကို Tor ဖြင့်သုံးလျှင် အမည်သိနိုင်သည်