Onion ဝန်ဆောင်မှုများ (ယခင် "ဝှက်ထားသော ဝန်ဆောင်မှုများ") သည် Tor ကွန်ရက်မှတစ်ဆင့်သာ အသုံးပြုနိုင်သည့် (ဝက်ဘ်ဆိုက်များကဲ့သို့) ဝန်ဆောင်မှုများ ဖြစ်သည်။
Onion ဝန်ဆောင်မှုများတွင် သီးသန့်မဟုတ်သော ဝက်ဘ်ရှိ သာမန်ဝန်ဆောင်မှုများထက် အားသာချက် အနည်းငယ် ရှိသည် -
- Onion ဝန်ဆောင်မှုများ၏ တည်နေရာနှင့် IP လိပ်စာကို ဝှက်ထားသောကြောင့် အနှောင့်အယှက်များက ၎င်းတို့ကို ဆင်ဆာလုပ်ရန် သို့မဟုတ် ၎င်းတို့အား ကိုင်တွယ်သူများကို ခွဲခြားသိရှိရန် ခက်ခဲသည်။
- Tor သုံးစွဲသူများနှင့် onion ဝန်ဆောင်မှုများအကြား ဒေတာအသွားအလာအားလုံးကို အဆုံးမှအဆုံးသို့ ကုဒ်ဖြင့် ပြောင်းလဲထားသောကြောင့် HTTPS ဖြင့် ချိတ်ဆက်ခြင်း အတွက် စိတ်ပူရန် မလိုအပ်ပါ။
- onion ဝန်ဆောင်မှုတစ်ခု၏ လိပ်စာကို အလိုအလျောက် ထုတ်လုပ်သောကြောင့် ကိုင်တွယ်သူများသည် ဒိုမိန်းအမည် ဝယ်ယူရန် မလိုအပ်ပါ။ .onion URL ကို ကြည့်ခြင်းဖြင့် Tor သည် မှန်ကန်သော တည်နေရာသို့ ချိတ်ဆက်နေပြီး ချိတ်ဆက်မှုကို ကြားဖြတ်နှောင့်ယှက်ခြင်း မရှိကြောင်း သေချာစေပါသည်။
Onion ဝန်ဆောင်မှုကို အသုံးပြုနည်း
Just like any other website, you will need to know the address of an onion service in order to connect to it. An onion address is a string of 56 letters and numbers, followed by ".onion".
onion ဝန်ဆောင်မှုသုံး ဝက်ဘ်ဆိုက်တစ်ခုကို အသုံးပြုစဉ် Tor ဘရောက်ဇာက သင့်ချိတ်ဆက်မှု အခြေအနေမှာ လုံခြုံစိတ်ချရပြီး onion ဝန်ဆောင်မှုကို အသုံးပြုနေကြောင်း ပြသသည့် ကြက်သွန်နီပုံ အိုင်ကွန်ကို URL ဘားတွင် ပြထားပါမည်။
ပတ်လမ်း ပြသမှုကို ကြည့်ခြင်းဖြင့် သင်ဝင်ကြည့်နေသာ onion ဝက်ဘ်ဆိုက်အကြောင်း ပိုမိုလေ့လာနိုင်ပါသည်။
onion ဝက်ဘ်ဆိုက်အကြောင်း လေ့လာရန် နောက်တစ်နည်းမှာ ဝက်ဘ်ဆိုက် စီမံခန့်ခွဲသူက Onion တည်နေရာဟု ခေါ်သော အပြင်အဆင်ကို သုံးထားခြင်း ရှိ၊ မရှိ ကြည့်ရန် ဖြစ်သည်။
Onion တည်နေရာဆိုသည်မှာ စံမဟုတ်သော HTTP နဖူးစည်းစာတန်း ဖြစ်ပြီး ဝက်ဘ်ဆိုက်များက ၎င်းတို့၏ onion ဝက်ဘ်ဆိုက်ကို ကြော်ငြာရန် အသုံးပြုနိုင်သည်။
သင်ဝင်ကြည့်နေသော ဝက်ဘ်ဆိုက်အတွက် onion ဝက်ဘ်ဆိုက် ရရှိနိုင်ပါက Tor ဘရောက်ဇာ၏ URL ဘားတွင် ".onion ရရှိနိုင်သည်" ဟု ပြသသည့် ခရမ်းရောင် အကြံပြုချက်တစ်ခု ပေါ်လာပါမည်။
".onion ရရှိနိုင်သည်" ကို ကလစ်နှိပ်သောအခါ ဝက်ဘ်ဆိုက်ကို ပြန်တင်ပြီး သက်ဆိုင်ရာ onion ဝက်ဘ်ဆိုက်သို့ ပြန်လည်လမ်းညွှန်ပါမည်။

ဝက်ဘ်ဆိုက်တစ်ခု၏ onion ဝဘ်ဆိုက်ဗားရှင်းကို ဦးစားပေးလိုပါက Onion တည်နေရာသို့ အလိုအလျောက် ပြန်လည်လမ်းညွှန်မှုများကို ဖွင့်နိုင်ပါသည်။
ဟမ်ဘာဂါမီနူး (≡) ကို နှိပ်ပါ၊ 'အလေးပေး ရွေးချယ်မှု' (သို့မဟုတ် Windows တွင် 'ရွေးချယ်မှုများ') သို့ သွားပါ၊ 'ကိုယ်ရေးလုံခြုံမှုနှင့် လုံခြုံရေး' ကို နှိပ်ပါ၊ 'Onion ဝန်ဆောင်မှုများ' အပိုင်းတွင် ".onion ဝက်ဘ်ဆိုက်များကို သိပါက ဦးစားပေးပါ" ကို ရှာပြီး "အမြဲတမ်း" ရွေးချယ်မှုကို အမှန်ခြစ်ပါ။
ဒါမှမဟုတ် Tor ဘရောက်ဇာကို လည်ပတ်နေပါက တက်ဘ်အသစ်တွင် about:preferences#privacy
ကို ကူးထည့်ပြီး ဤဆက်တင်ကို ပြောင်းလဲနိုင်သည်။
Onion ဝန်ဆောင်မှု စစ်မှန်ကြောင်းသက်သေပြခြင်း
စစ်မှန်ကြောင်းသက်သေပြပြီးသော onion ဝန်ဆောင်မှုဆိုသည်မှာ ဝန်ဆောင်မှုကို အသုံးမပြုမီ လက်ခံစက်က လုံခြုံရေးတိုကင်ပေးရန် လိုအပ်သည့် onion ဝက်ဘ်ဆိုက်ကဲ့သို့ ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။
Tor အသုံးပြုသူအနေနှင့် သင်သည် Tor ဘရောက်ဇာတွင် တိုက်ရိုက် စစ်မှန်ကြောင်းသက်သေပြနိုင်ပါသည်။
ဤဝန်ဆောင်မှုကို အသုံးပြုရန် သင်သည် onion ဝန်ဆောင်မှု ကိုင်တွယ်သူထံမှ အသုံးပြုခွင့် အထောက်အထား လိုအပ်ပါသည်။
စစ်မှန်ကြောင်းသက်သေပြပြီးသော onion ဝန်ဆောင်မှုကို ဝင်ရောက်သုံးစွဲချိန်တွင် Tor ဘရောက်ဇာသည် မီးခိုးရောင် သော့အသေးပုံကို URL ဘားတွင် ပြသပါမည်။ ထိုသော့ပုံကို ထောက်ကြည့်လျှင် မက်ဆေ့ချ် တွေ့ရပါမည်။
ဖြည့်သွင်းရန်အကွက်တွင် သင်၏ သီးသန့်စကားဝှက်သော့ကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Onion ဝန်ဆောင်မှုများနှင့် ဆိုင်သော ပြဿနာများ
သင်သည် onion ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်မရပါက ထိုဝက်ဘ်ဆိုက်ကို ဘာကြောင့် မရရှိနိုင်ကြောင်း ပါဝင်သည့် တိကျသော ချွတ်ယွင်းချက် မက်ဆေ့ချ်ကို Tor ဘရောက်ဇာက ပေးပါမည်။
ချွတ်ယွင်းချက်များတွင် လက်ခံစက် ချွတ်ယွင်းမှုများ၊ ကွန်ရက် ချွတ်ယွင်းမှုများ သို့မဟုတ် ဝန်ဆောင်မှု ချွတ်ယွင်းမှုများဟူ၍ အဆင့်အမျိုးမျိုး ရှိနိုင်သည်။
ပြဿနာဖြေရှင်းနည်း အပိုင်းကို လိုက်နာခြင်းဖြင့် ချွတ်ယွင်းချက်အချို့ကို ပြင်ဆင်နိုင်သည်။
အောက်ပါဇယားတွင် ဖြစ်နိုင်ခြေရှိသော ချွတ်ယွင်းမှုအားလုံးနှင့် ပြဿနာဖြေရှင်းရန် သင်လုပ်ဆောင်သင့်သည့်အရာတို့ကို ပြသထားသည်။
ကုဒ် |
ပြဿနာခေါင်းစဉ် |
အကျဉ်းဖော်ပြချက် |
XF0 |
Onion ဝက်ဘ်ဆိုက် ရှာမတွေ့ပါ |
ဖြစ်နိုင်ခြေအများဆုံးမှာ onion ဝက်ဘ်ဆိုက် အော့ဖ်လိုင်း ဖြစ်နေသည် သို့မဟုတ် ပယ်ဖျက်ခံရသည်။ onion ဝက်ဘ်ဆိုက် စီမံခန့်ခွဲသူကို ဆက်သွယ်ပါ။ |
XF1 |
Onion ဝက်ဘ်ဆိုက်သို့ မရောက်ရှိနိုင်ပါ |
ဝက်ဘ်ဆိုက်တွင်း ချွတ်ယွင်းမှုကြောင့် onion ဝက်ဘ်ဆိုက်သို့ မရောက်ရှိနိုင်ပါ။ |
XF2 |
Onion ဝက်ဘ်ဆိုက်နှင့် ဆက်သွယ်မှုပြတ်တောက်သွားသည် |
ဖြစ်နိုင်ခြေအများဆုံးမှာ onion ဝက်ဘ်ဆိုက် အော့ဖ်လိုင်း ဖြစ်နေသည် သို့မဟုတ် ပယ်ဖျက်ခံရသည်။ onion ဝက်ဘ်ဆိုက် စီမံခန့်ခွဲသူကို ဆက်သွယ်ပါ။ |
XF3 |
Onion ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်၍ မရပါ |
onion ဝက်ဘ်ဆိုက်ကို သုံးစွဲသူ များနေသည် (သို့) Tor ကွန်ရက်တွင် ဒေတာအသွားအလာ များလွန်းနေသည်။ နောက်မှ ထပ်စမ်းကြည့်ပါ။ |
XF4 |
Onion ဝက်ဘ်ဆိုက် အသုံးပြုရန် စစ်မှန်ကြောင်းသက်သေပြမှု လိုအပ်သည် |
onion ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရန် စကားဝှက်သော့ လိုအပ်သော်လည်း မပေးခဲ့ပါ။ |
XF5 |
Onion ဝက်ဘ်ဆိုက် စစ်မှန်ကြောင်း သက်သေပြခြင်း မအောင်မြင်ပါ |
စကားဝှက်သော့ မှားနေသည် သို့မဟုတ် ပြန်လည်ရုပ်သိမ်းခံထားရသည်။ onion ဝက်ဘ်ဆိုက် စီမံခန့်ခွဲသူကို ဆက်သွယ်ပါ။ |
XF6 |
Onion ဝက်ဘ်ဆိုက် လိပ်စာ မှားနေသည် |
ပေးထားသော onion ဝက်ဘ်ဆိုက် လိပ်စာ မှားနေသည်။ ရိုက်ထည့်ရာတွင် မှန်၊ မမှန် စစ်ဆေးပါ။ |
XF7 |
Onion ဝက်ဘ်ဆိုက် ပတ်လမ်း ဖန်တီးရန် အချိန်ပြည့်သွားပြီ |
onion ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်၍ မရပါ၊ ကွန်ရက်ချိတ်ဆက်မှု မကောင်းသောကြောင့် ဖြစ်နိုင်သည်။ |
ပြဿနာ ဖြေရှင်းခြင်း
သင်တောင်းဆိုသော onion ဝန်ဆောင်မှုနှင့် မချိတ်နိုင်ပါက onion လိပ်စာကို ရိုက်ထည့်ရာတွင် မှန်၊ မမှန် သေချာအောင်စစ်ပါ။ အမှားပါခဲ့လျှင် Tor ဘရောက်ဇာသည် ထိုဝက်ဘ်ဆိုက်နှင့် ချိတ်နိုင်မည်မဟုတ်ပါ။
သင်သည် လိပ်စာကို မှန်ကန်ကြောင်းစစ်ဆေးပြီးနောက် onion ဝန်ဆောင်မှုနှင့် မချိတ်ဆက်နိုင်သေးပါက ကျေးဇူးပြု၍ နောက်မှ ထပ်မံကြိုးစားပါ။ ယာယီ ချိတ်ဆက်မှု ပြဿနာ ရှိနေနိုင်သည် သို့မဟုတ် ဝက်ဘ်ဆိုက် ကိုင်တွယ်သူများက သတိပေးခြင်းမရှိဘဲ အော့ဖ်လိုင်း လုပ်ခွင့်ပြုလိုက်ခြင်း ဖြစ်နိုင်သည်။
သင်အသုံးပြုဖို့ ကြိုးစားသော onion ဝန်ဆောင်မှုသည် စာလုံး ၁၆ လုံးပါသည့် စာတန်း (V2 ဖောမက်) ဖြစ်ပါက ဤလိပ်စာ အမျိုးအစားသည် ခေတ်မမီတော့ပါ။
အခြား onion ဝန်ဆောင်မှုများကို အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ရန် DuckDuckGo ၏ Onion ဝန်ဆောင်မှု သို့ ချိတ်ဆက်နိုင်သည်။