Android သုံး Tor ဘရောက်ဇာ

Android သုံး Tor ဘရောက်ဇာသည် Tor Project မှ ပံ့ပိုးပြီး ရေးသားထားသည့် တစ်ခုတည်းသော တရားဝင် မိုဘိုင်းသုံး ဘရောက်ဇာ ဖြစ်သည်။ ၎င်းသည် ကွန်ပျုတာသုံး Tor ဘရောက်ဇာနှင့် ဆင်တူပြီး သင့် Android မိုဘိုင်းစက်ပစ္စည်းတွင် သုံးရန် ဖြစ်သည်။ Android သုံး Tor ဘရောက်ဇာ၏ အဓိက အပြင်အဆင်အချို့တွင် ဝက်ဘ်ဆိုက်များ သုံးရာ၌ ခြေရာခံမှုလျှော့ချခြင်း၊ စောင့်ကြည့်မှုကို ကာကွယ်ခြင်း၊ ဘရောက်ဇာ ဇစ်မြစ်လိုက်မှုကို တွန်းလှန်ခြင်းနှင့် စိစစ်ဖြတ်တောက်မှုကို ရှောင်ရှားခြင်းတို့ ပါဝင်သည်။

DOWNLOADING AND INSTALLATION

Android သုံး Tor ဘရောက်ဇာနှင့် Android သုံး Tor ဘရောက်ဇာ (alpha) ဟူ၍ နှစ်မျိုးရှိသည်။ Android သုံး Tor ဘရောက်ဇာသည် တည်ငြိမ်ပြီး ချို့ယွင်းချက် ဖြစ်ပေါ်ခြင်း ပိုနည်းသောကြောင့် နည်းပညာ မကျွမ်းကျင်သော အသုံးပြုသူများ ရယူသုံးစွဲသင့်သည်။ Android သုံး Tor ဘရောက်ဇာကို Play Store၊ F-Droid နှင့် Tor Project ဝက်ဘ်ဆိုက်တို့တွင် ရရှိနိုင်သည်။ Tor ဘရောက်ဇာကို ဤပလက်ဖောင်းသုံးခုမှ မဟုတ်ဘဲ အခြားနေရာမှ ဒေါင်းလုဒ်လုပ်ခြင်းသည် အလွန်အန္တရာယ်များသည်။

Google Play

သင်သည် Android သုံး Tor ဘရောက်ဇာကို Google Play Store မှ ရယူ တပ်ဆင်နိုင်သည်။

F-Droid

Guardian Project သည် ၎င်း၏ F-Droid သိုလှောင်ခန်းတွင် Android သုံး Tor ဘရောက်ဇာကို ပံ့ပိုးထားသည်။ သင်သည် ဤအက်ပ်ကို F-Droid မှ ရယူတပ်ဆင်လိုပါက ကျေးဇူးပြု၍ အောက်ပါအဆင့်များကို လိုက်နာပါ -

၁။ F-Droid အက်ပ်ကို F-Droid ဝဘ်ဆိုက် မှ ရယူပြီး သင်၏ Android စက်ပစ္စည်းပေါ်တွင် တပ်ဆင်ပါ။

၂။ F-Droid ကို တပ်ဆင်ပြီးနောက် အက်ပ်ကို ဖွင့်ပါ။

၃။ အောက်ခြေရှိ ညာဘက်ထောင့်တွင် "အပြင်အဆင်များ" ကို ဖွင့်ပါ။

၄။ "My Apps" အပိုင်းတွင် Repositories ကို ဖွင့်ပါ။

၅။ "Guardian Project Official Releases" ခလုတ်ကို ဖွင့်ထားပါ။

၆။ ထိုအခါ F-Droid သည် Guardian Project ၏ သိုလှောင်ခန်းမှ အက်ပ်စာရင်းကို ဒေါင်းလုဒ်လုပ်ပါမည် (သတိပြုရန် - ပြီးစီးရန် မိနစ်အနည်းငယ် ကြာနိုင်ပါသည်)။

၇။ အပေါ် ဘယ်ဘက်ထောင့်ရှိ နောက်သို့ ခလုတ်ကို တစ်ချက်နှိပ်ပါ။

၈။ အောက်ခြေ ဘယ်ဘက်ထောင့်ရှိ "နောက်ဆုံး" ကို ဖွင့်ပါ။

၁၀။ ညာဘက်အောက်နားရှိ မှန်ဘီလူးကို နှိပ်ပြီး ရှာဖွေမှု စခရင်ကို ဖွင့်ပါ။

၁၁။ "Tor Browser for Android" ကို ရှာပါ။

၁၂။ "The Tor Project" ဟူသော ရှာဖွေမှုရလဒ်ကို ဖွင့်ပြီး တပ်ဆင်ပါ။

Tor စီမံကိန်း ဝဘ်ဆိုက်

သင်သည် Tor Project ဝဘ်ဆိုက် မှ apk ကို ဒေါင်းလုဒ်လုပ်ပြီး တပ်ဆင်၍လည်း Android သုံး Tor ဘရောက်ဇာကို ရယူနိုင်သည်။

Android သုံး Tor ဘရောက်ဇာကို ပထမဆုံးအကြိမ် လည်ပတ်ခြင်း

When you run Tor Browser for the first time, you will see the option to connect directly to the Tor network, or to configure Tor Browser for your connection.

ချိတ်ဆက်ရန်

Connect to Tor Browser for Android

"ချိတ်ဆက်ရန်" ကို ရွေးချယ်လျှင် များသောအားဖြင့် နောက်ထပ် ချိန်ညှိရန် မလိုတော့ဘဲ Tor ကွန်ရက်သို့ ချိတ်ဆက်နိုင်ပါမည်။ Once tapped, a status bar will appear, indicating Tor's connection progress. If you are on a relatively fast connection, but the progress bar gets stuck at a certain point, you might have to configure Tor Browser.

ချိန်ညှိရန်

Configure Tor Browser for Android

If you know that your connection is censored, you should tap on "Configure connection". Navigate to the 'Connection' section of the Settings. သင့်ချိတ်ဆက်မှုကို ဆင်ဆာဖြတ်ထားကြောင်း သိပါက (သို့) Tor ကွန်ရက်နှင့် ချိတ်ဆက်ရန် ကြိုးစားရာတွင် မအောင်မြင်ပါဘဲ အခြားမည်သည့်ဖြေရှင်းနည်းကမျှ အလုပ်မလုပ်ပါက 'Config Bridge' ကို တစ်ချက်နှိပ်ပါ။ You will then be taken to the 'Config Bridge' screen to configure a pluggable transport.

ဆင်ဆာရှောင်ခြင်း

တံတား ကြားခံစက်များသည် အများသုံး Tor လမ်းညွှန်တွင် ဖော်ပြမထားသော Tor ကြားခံစက်များ ဖြစ်သည်။ တံတားများသည် ဖိနှိပ်သော အစိုးရစနစ်အောက်တွင် ရှိနေသည့် Tor အသုံးပြုသူများအတွက် အသုံးဝင်သည်။ ထို့ပြင် အများသုံး Tor ကြားခံစက် IP လိပ်စာနှင့် ချိတ်နေကြောင်း တစ်စုံတစ်ယောက်က သိသွားမည်ကို စိုးရိမ်သောကြောင့် ထပ်ဆင့်လုံခြုံရေး လိုချင်သူများအတွက်လည်း အသုံးဝင်သည်။

To use a pluggable transport, tap on ""Configure Connection" when starting Tor Browser for the first time. Navigate to the 'Connection' section of the Settings and tap on 'Config Bridge' to configure a bridge. နောက်လာမည့် စခရင်တွင် အသင့်ပါ တံတား သို့မဟုတ် စိတ်ကြိုက် ဖန်တီးပြုပြင်သော တံတားကို အသုံးပြုရန် ရွေးချယ်ရပါမည်။ Toggle "Use a Bridge" option, which will present three options: "obfs4", "meek-azure", and "snowflake".

Select a bridge on Tor Browser for Android

Selected a bridge on Tor Browser for Android

သင်သည် "ကျွန်ုပ်သိသော တံတားဖြင့် ပံ့ပိုးရန်" ကို ရွေးချယ်ပါက တံတား လိပ်စာ ကို ရိုက်ထည့်ရပါမည်။

Provide a bridge on Tor Browser for Android

Provide bridge addresses on Tor Browser for Android

ကိုယ်ပိုင် အမှတ်သင်္ကေတများကို စီမံခန့်ခွဲခြင်း

ကိုယ်ပိုင်အမှတ် သင်္ကေတအသစ်

New Identity on Tor Browser for Android

Tor ဘရောက်ဇာကို လည်ပတ်နေစဉ် သင့်စက်ပစ္စည်း၏ အသိပေးချက် မျက်နှာပြင်ကို ဖြန့်ပြီးနောက် "ကိုယ်ပိုင် အမှတ်သင်္ကေတ အသစ်" ခလုတ်နှင့်အတူ ထိုသို့ တွေ့ရပါမည်။ ဤခလုတ်ကို နှိပ်လိုက်လျှင် ကိုယ်ပိုင်အမှတ် သင်္ကေတအသစ် ရပါမည်။ ကွန်ပျုတာအတွက် Tor ဘရောက်ဇာနှင့် မတူသည့်အချက်မှာ Android သုံး Tor ဘရောက်ဇာရှိ "ကိုယ်ပိုင်အမှတ် သင်္ကေတ အသစ်" ခလုတ်ကို သုံးရာတွင် သင့်လက်ရှိ ဘရောက်ဇာအသုံးပြုမှုကို ယခင်အသုံးပြုမှုနှင့် ချိတ်ဆက်ခံရနိုင်သည်။ ၎င်းကို ရွေးချယ်ခြင်းက သင့် Tor ပတ်လမ်းကိုသာ ပြောင်းလဲပါမည်။ Note: New Identity feature is not working in latest versions of Tor Browser for Android. Bug #42589

လုံခြုံရေးအဆင့်များ

Security settings and security slider on Tor Browser for Android

Security levels disable certain web features that can be used to compromise your security and anonymity. Android အတွက် Tor ဘရောက်ဇာသည် ကွန်ပျုတာတွင် ရရှိနိုင်သော တူညီသည့် လုံခြုံရေး အဆင့်သုံးခုကို ပံ့ပိုးသည်။ သင်သည် အောက်ပါအဆင့်များကို လိုက်နာခြင်းဖြင့် လုံခြုံရေးအဆင့်ကို မွမ်းမံ ပြောင်းလဲနိုင်သည် -

  • URL ဘားရှိ ဒေါင်လိုက် အစက် ၃ ခုပါ ခလုတ်ကို တစ်ချက်နှိပ်ပါ။
  • Scroll down and tap on "Security Level".
  • စံချိန်မီ၊ ပိုလုံခြုံ သို့မဟုတ် အလုံခြုံဆုံးမှ တစ်ခုကို ရွေးချယ်နိုင်ပါပြီ။

အပ်ဒိတ်လုပ်ခြင်း

Tor Browser must be kept updated at all times. If you continue to use an outdated version of the software, you may be vulnerable to serious security flaws that compromise your privacy and anonymity. သင်သည် Tor ဘရောက်ဇာကို အလိုအလျောက် သို့မဟုတ် ကိုယ်တိုင် အပ်ဒိတ်လုပ်နိုင်သည်။

Android အတွက် Tor ဘရောက်ဇာကို အလိုအလျောက် အပ်ဒိတ်လုပ်ခြင်း

ဤနည်းလမ်းသုံးရန် သင့်မိုဘိုင်းစက်ပစ္စည်းတွင် Google Play သို့မဟုတ် F-Droid ကို တပ်ဆင်ထားရမည်။

Google Play

Updating Tor Browser for Android on Google Play

  • Open the Google Play Store app.
  • At the top right, tap the profile icon.
  • Tap on 'Manage apps and devices'.
  • Tap on the 'Manage' tab.
  • Tap on 'Updates available'
  • Tap on Tor Browser for Android from the list of apps that need to be updated.
  • Tap on 'Update'.
F-Droid

Updating Tor Browser for Android on F-Droid

"Settings" ကို နှိပ်ပြီးနောက် "Manage installed apps" သို့ သွားပါ။ နောက်လာမည့် စခရင်တွင် Tor ဘရောက်ဇာကို ရွေးချယ်ပြီး နောက်ဆုံးတွင် "Update" ခလုတ်ကို နှိပ်ပါ။

Android အတွက် Tor ဘရောက်ဇာကို ကိုယ်တိုင် အပ်ဒိတ်လုပ်ခြင်း

Tor Project ဝဘ်ဆိုက် သို့ ဝင်ကြည့်၍ နောက်ဆုံးထွက် Tor ဘရောက်ဇာ မိတ္တူကို ဒေါင်းလုဒ်လုပ်ပြီး အရင်ကအတိုင်း တပ်ဆင်ပါ။ များသောအားဖြင့် Tor ဘရောက်ဇာ ဗားရှင်းအဟောင်းကို ဖျက်ပြီး နောက်ဆုံးထွက် ဗားရှင်းကို တပ်ဆင်ကာ ဘရောက်ဇာကို အဆင့်မြှင့်ပါသည်။ ဤနည်းဖြင့် ဘရောက်ဇာကို အပ်ဒိတ်လုပ်မရပါက Tor ဘရောက်ဇာကို ဖယ်ထုတ်ပြီး ပြန်လည်တပ်ဆင်ရန် လိုအပ်နိုင်ပါသည်။ Tor ဘရောက်ဇာကို ပိတ်ထားစဉ် သင့်စက်ပစ္စည်း၏ ဆက်တင်များမှတစ်ဆင့် ၎င်းကို ဖယ်ထုတ်၍ သင့်စနစ်မှ ဖယ်ရှားပါ။ သင့်မိုဘိုင်းစက်ပစ္စည်း၏ တံဆိပ်အလိုက် Settings > Apps သို့ သွားပါ၊ Tor ဘရောက်ဇာကို ရွေးချယ်ပြီးနောက် "Uninstall" ခလုတ်ကို နှိပ်ပါ။ ပြီးလျှင် နောက်ဆုံးထွက် Tor ဘရောက်ဇာကို ဒေါင်းလုဒ်လုပ်ပြီး တပ်ဆင်ပါ။

ဖယ်ထုတ်ခြင်း

Android အတွက် Tor ဘရောက်ဇာကို F-Droid၊ Google Play မှ တိုက်ရိုက်ဖြစ်စေ၊ သင့်မိုဘိုင်းစက်ပစ္စည်း၏ အက်ပ် ဆက်တင်များတွင်ဖြစ်စေ ဖယ်ထုတ်နိုင်သည်။

Google Play

Uninstalling Tor Browser for Android on Google Play

  • Open the Google Play Store app.
  • At the top right, tap the profile icon.
  • Tap on 'Manage apps and devices'.
  • Tap on the 'Manage' tab.
  • Tap on Tor Browser for Android from the list of apps installed on your device.
  • Tap on 'Uninstall'.

F-Droid

Uninstalling Tor Browser for Android on F-Droid

"Settings" ကို နှိပ်ပြီးနောက် "Manage installed apps" သို့ သွားပါ။ နောက်လာမည့် စခရင်တွင် Tor ဘရောက်ဇာကို ရွေးချယ်ပြီး နောက်ဆုံးတွင် "Uninstall" ခလုတ်ကို နှိပ်ပါ။

မိုဘိုင်းစက်ပစ္စည်းရှိ အက်ပ် ဆက်တင်များ

Uninstalling Tor Browser for Android using device app settings

သင့်မိုဘိုင်းစက်ပစ္စည်း၏ တံဆိပ်အလိုက် Settings > Apps သို့ သွားပါ၊ Tor ဘရောက်ဇာကို ရွေးချယ်ပြီးနောက် "Uninstall" ခလုတ်ကို နှိပ်ပါ။

ပြဿနာ ဖြေရှင်းခြင်း

Tor မှတ်တမ်းများကို ကြည့်ရန်

View Tor logs on Tor Browser for Android

သင့် Tor မှတ်တမ်းများကို ကြည့်ရန် -

  1. Tap on the settings icon or "Configure connection" when on the "Connect to Tor" screen.
  2. Navigate to the "Connection" section of the Settings.
  3. Tap on "Tor Logs"

To copy the Tor logs to the clipboard, tap on the "Copy" button at the bottom of the screen.

အဖြစ်အများဆုံး ပြဿနာအချို့ကို ဖြေရှင်းရန် ကျေးဇူးပြု၍ အကူအညီ ပေါ်တယ်ရှိ အကြောင်းအရာ ကို ကိုးကားလိုက်နာပါ။

သိပြီးဖြစ်သော ပြဿနာများ

လတ်တလောတွင် အပြင်အဆင်အချို့ကို ကွန်ပျူတာသုံး Tor ဘရောက်ဇာတွင် ရရှိနိုင်သော်လည်း Android သုံး Tor ဘရောက်ဇာတွင် မရရှိနိုင်ပါ။

  • သင့် Tor ပတ်လမ်းကို သင် မမြင်ရပါ။ #41234
  • Android သုံး Tor ဘရောက်ဇာကို SD ကတ်သို့ ရွှေ့လိုက်ချိန်တွင် မချိတ်ဆက်နိုင်ပါ။ #31814
  • Android သုံး Tor ဘရောက်ဇာကို အသုံးပြုနေစဉ် စခရင်ရှော့(တ်) ရိုက်၍မရပါ။ #27987
  • လက်ခံစက် ခွင့်ပြုချက် လိုအပ်သော onion လိပ်စာများကို ဖွင့်၍မရပါ #31672
  • 'New Identity' feature is not working on latest versions of Tor Browser for Android. #42589

မိုဘိုင်းစက် ပစ္စည်းများတွင် သုံးသည့် Tor အကြောင်း ပိုမိုသိရှိရန်

Orfox

၂၀၁၅ တွင် The Guardian Project က Orfox ကို စတင် ထုတ်ခဲ့သည်။ ရည်ရွယ်ချက်မှာ Android အသုံးပြုသူများအနေနှင့် အင်တာနက်တွင် Tor ဖြင့် ရှာဖွေနိုင်ရန် ဖြစ်သည်။ နောက်သုံးနှစ်အတွင်း၌ Orfox သည် စဉ်ဆက်မပြတ် တိုးတက်လာခဲ့ပြီး သာမန် ဘရောက်ဇာများထက် ကိုယ်ရေး လုံခြုံမှု ပိုမြင့်စွာဖြင့် အင်တာနက်တွင် ရှာဖွေနိုင်သည့် နည်းလမ်းအဖြစ် လူကြိုက်များလာခဲ့သည်။ Orfox သည် စိစစ်ဖြတ်တောက်မှုကို ရှောင်ကွင်းရန်နှင့် ပိတ်ဆို့ထားသော ဝက်ဘ်ဆိုက်များနှင့် အရေးကြီး ရင်းမြစ်များကို အသုံးပြုနိုင်ရန် ပြည်သူများအား ကူညီရာတွင် အရေးပါခဲ့သည်။ ၂၀၁၉ တွင် Android သုံး တရားဝင် Tor ဘရောက်ဇာ ထွက်ပြီးနောက် Orfox အသုံးပြုမှု ရပ်စဲခဲ့သည်

Orbot

Orbot သည် Tor ကွန်ရက်ကို အသုံးပြုနိုင်ရန် အခြားအက်ပ်များအား ပံ့ပိုးပေးသည့် အခမဲ့ ပရောက်စီ အက်ပ် ဖြစ်သည်။ Orbot က သင့်အင်တာနက် အသွားအလာကို ကုဒ်ဖြင့်ပြောင်းရန် Tor ကို အသုံးပြုသည်။ ထို့နောက် သင်သည် ဆင်ဆာဖြတ်ခြင်းကို ရှောင်ရှားရန်နှင့် စောင့်ကြည့်ခံရခြင်းမှ ကာကွယ်ရန် သင့်မိုဘိုင်းစက်ပစ္စည်းပေါ်တွင် တပ်ဆင်ထားသော အခြားအက်ပ်များနှင့် တွဲ၍ ၎င်းကို အသုံးပြုနိုင်ပါသည်။ Orbot ကို Google Play မှ ဒေါင်းလုဒ် လုပ်ပြီး တပ်ဆင်နိုင်သည်။ သင်သည် Android အတွက် Tor ဘရောက်ဇာနှင့် Orbot နှစ်မျိုးလုံး လိုအပ်ကြောင်း (သို့) တစ်မျိုးကိုသာ လိုအပ်ကြောင်း သိရန် ကျွန်ုပ်တို့၏ အကူအညီ ပေါ်တယ် ကို ဝင်ကြည့်ပါ။

iOS သုံး Tor ဘရောက်ဇာ

iOS သုံး Tor ဘရောက်ဇာ မရှိပါ။ အခမဲ့ရင်းမြစ်ဖြစ်ပြီး Tor ၏ အသွားအလာကို အသုံးပြုသော Onion ဘရောက်ဇာဟုခေါ်သည့် iOS အက်ပ်ကို သုံးရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ ၎င်းကို Tor Project တွင် ထဲထဲ၀င်၀င် ပါ၀င်ဆောင်ရွက်ခဲ့သူ တစ်ဦးက ရေးသား ဖန်တီးထားပါသည်။ သို့သော် Apple က iOS တွင် ဘရောက်ဇာများ အလုပ်လုပ်ရန် Webkit ကို အသုံးပြုခိုင်းသည်။ ထို့ကြောင့် Onion ဘရောက်ဇာတွင် Tor ဘရောက်ဇာနှင့် တူညီသော ကိုယ်ရေးလုံခြုံမှု အကာအကွယ်များ မပါဝင်ပါ။

Onion ဘရောက်ဇာ အကြောင်း ပိုမိုလေ့လာပါ။ Onion ဘရောက်ဇာကို App Store မှ ဒေါင်းလုဒ် လုပ်ပါ။

Windows စနစ်သုံးသော ဖုန်းများအတွက် Tor ဘရောက်ဇာ

လတ်တလောတွင် Windows ဖုန်း အဟောင်းများ၌ Tor ကို လည်ပတ်နိုင်ခြင်း မရှိပါ။ သို့သော် Microsoft တံဆိပ်/မြှင့်တင်ထားသော ဖုန်းအသစ်များတွင် Android သုံး Tor ဘရောက်ဇာ ၏ အဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။